ကလေးငယ်များရဲ့ အစောပိုင်းကာလ အခြေခံအုတ်မြစ် (Early Childhood Fundamental Program) နှင့် ၂၁ရာစုကလေးငယ်များ
လူကြီးမင်းတို့
လွန်ခဲ့တဲ့ ၆လလောက်က ဝယ်ခဲ့တဲ့ လက်ကိုင်ဖုန်းတစ်လုံးဟာ အခုအချိန်မှာ ဗားရှင်းနိမ့်ပြီး
စျေးကျသွားပြီ မဟုတ်ပါလား။ သူ့ထက်ပိုကောင်းတဲ့ လုပ်ငန်းတွေ၊ ပိုမိုအဆင့်မြင့်တဲ့
နည်းပညာတွေ၊ အပလီကေးရှင်းတွေနဲ့၊ အသစ်သစ်သော နည်းပညာတွေဟာ အချိန်နဲ့အမျှ
ထွက်ပေါ်လို့ လာနေပါတယ်။ ဒါဟာ မိုဘိုင်းဖုန်းလို ကွန်ပျူတာလိုပစ္စည်းများတင်မကပဲ
အခြားနယ်ပယ်အစုံမှာပါ မျက်မြင်ကိုယ်တွေ့ တွေ့ကြုံခံစားနေကြရတာ ဖြစ်ပါတယ်။ ဥပမာ-
ပညာရေးမှာဆိုရင်လည်း သချာႅခေတ်သစ်တွက်နည်းများ (လက်မခံသူများရှိသော်လည်း
ပိုမိုကောင်းမွန်လွယ်ကူစေတဲ့အတွက် ကျယ်ပြန့်စွာ အသုံးပြုနေပြီဖြစ်ပါတယ်။)၊ စာသင်ကြားရေးနည်းစနစ်များ၊ စာမေးပွဲ စနစ်များ စသဖြင့်
အပြောင်းအလဲများစွာကို ကြုံတွေ့ရမှာဖြစ်ပြီး လက်ခံကြိုဆိုမှုမရှိသူတွေဟာ
လိုက်ပါစီးမျောနိုင်မှာ မဟုတ်ဘဲ ကျန်ရစ်ခဲ့ကြမှာပါ။ အခြားနယ်ပယ်တွေဖြစ်တဲ့
စီးပွားရေး၊ နိုင်ငံရေးတို့မှာလည်း ထိုနည်းတူစွာပါပဲ။ တိုးတက်ပြောင်းလဲလာတဲ့
ကမ္ဘာကြီးမှာ လျှင်လျှင်မြန်မြန်ပြုပြင်လိုက်ပါ ပြောင်းလဲနိုင်သူများ၊
စွန့်ဦးတီထွင်ဆန်းသစ်နိုင်သူများ၊ ဆက်စပ်တွေးခေါ်မှု အားကောင်းသူတွေကိုသာ
ဆုတံဆိပ်ရလဒ်တွေက ကြိုလင့်နေမှာ ဖြစ်ပါတယ်။
Image by StartupStockPhotos from Pixabay
၂၁ရာစုနေကလေးငယ်တွေဟာ
ကြီးပြင်းအရွယ်ရောက်လာချိန်မှာ လက်ရှိခေတ်ကာလထက်ကို ပိုမိုမြန်ဆန်တဲ့၊
ပိုမိုရှုပ်ထွေးတဲ့ ခေတ်ကာလကို ဖြတ်သန်းကြရမှာ ဖြစ်ပါတယ်။
အဲ့ဒီလို
ကမ္ဘာသစ်ထဲကို ကလေးငယ်တွေ ချဉ်းနင်းဝင်ရောက်တဲ့အခါ အင်တာနက်ကနေဖြစ်စေ၊ စမတ်ဖုန်းတွေကနေဖြစ်စေ၊
အင်တာအက်တစ်ဘုတ်(interactive board)လို စက်ပစ္စည်းတွေကနေဖြစ်စေ
မိမိကိုယ်ကိုအားကိုးပြီး မိမိဘာသာသင်ယူနိုင်ကြဖို့ရာ လုံလောက်တဲ့
နည်းပညာအရည်အချင်းတွေ၊ ဗဟုသုတတွေ လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့
အဲ့ဒီ့အရင်းအမြစ်တွေက သတင်းအချက်အလက်တွေ၊ ဗဟုသုတတွေအပြင် အခြားမလိုအပ်တဲ့
အမှိုက်သရိုက်တွေလည်း ပါလာတတ်တာကြောင့်ဖြစ်ပါတယ်။ အဲ့ဒီ့အထဲကမှ ကိုယ်လိုအပ်တဲ့
အရာများကို စစ်ယူတတ်ဖို့ လုံလောက်တဲ့ ညဏ်ပညာကိုယ်ခံအား ရှိထားမှသာ အကျိုးရှိရှိ အသုံးချတတ်မှာ
ဖြစ်ပါတယ်။
ကျွန်မ မနှစ်က သင်တန်းသူ
ဆရာမအလုပ် အင်တာဗျူးခေါ်တော့ ခပ်ငယ်ငယ်သင်တန်းသူတစ်ယောက် လာလျှောက်ပါတယ်။ အင်တာဗျူးကြည့်တော့
သူ့ရဲ့အဂႅလိပ်က တော်တော့်ကို ကောင်းတာတွေ့ရတယ်။ အသံထွက်ကအစ အတော်ကောင်းနေတာနဲ့ မေးကြည့်မိတယ်။
အင်္ဂလိပ်စာသင်တန်း ဘယ်မှာ တက်ခဲ့သလဲလို့။ သူပြန်ဖြေတော့ အံ့အားသင့်သွားမိတယ်။
“ဘယ်မှာမှ မတက်ခဲ့ပါဘူး”တဲ့။ youtubeက သင်ခန်းစာ
ဗွီဒီယိုတွေကနေ သင်ယူခဲ့တာပါလို့ ဖြေပါတယ်။ ဒါကိုကြည့်ပြီးတော့ ဒီနေ့ခေတ်မှာလည်း ကျွန်မတို့
နိုင်ငံမှာ နည်းပညာရဲ့ စွမ်းအားကို အသုံးပြုပြီး မိမိကိုယ်ကို တိုးတက်အောင် လုပ်ယူနေကြတဲ့
လူငယ်တွေ ရှိနေကြပြီဆိုတဲ့ သက်သေပါပဲ။
အဲ့ဒီလို
လူ့အသိုင်းအဝိုင်းမှာ နည်းပညာက နေရာပိုမိုယူလာပေမဲ့ လူတွေနဲ့နေထိုင်တဲ့အခါ
လူမှုဆက်ဆံရေးအရည်အသွေးတွေဖြစ်တဲ့ ချစ်ခင်ကြင်နာမှု၊ ရိုးသားမှု၊ တစ်ပါးသူအား လေးစားတန်ဖိုးထားမှု၊
ပူးပေါင်းဆောင်ရွက်တတ်မှုစတဲ့ ရင်းနှီးနွေးထွေး၊ ချစ်ခင်မှုတွေရှိနေမှသာ
မိမိပတ်ဝန်းကျင်ကလူတွေနဲ့ အဆင်ပြေပြေနေထိုင်နိုင်ပြီး ပျော်ရွှင်မှုအစစ်အမှန်ကို
ရရှိခံစားရမှာ ဖြစ်ပါတယ်။ စက်ကိရိယာတွေ၊ နည်းပညာတွေဟာ လူသားရဲ့
စစ်မှန်တဲ့ပျော်ရွှင်မှုကို မဖန်တီးနိုင်ပါ။ လူသားဆန်မှုကသာ
ဆောင်ကျဉ်းပေးနိုင်မှာပါ။ ကလေးငယ်တွေအတွက်လည်း အဲ့ဒီလို
ပေါင်းသင်းဆက်ဆံရေးအခက်အခဲတွေ ကျော်လွှားနိုင်ဖို့ရာ လူသားတွေရဲ့
တန်ဖိုးထားမှုတွေကို သင်ယူ နားလည်စေသင့်ပါတယ်။
ပညာရေးမှာ
သူမတူအောင်ထူးချွန်ပြီး ဘွဲ့ဒီဂရီတွေ တစ်သီကြီး ရရှိထားပေမယ့် လူပေါင်းမဆံ့၊
မိတ်ဆွေအပေါင်းအသင်းမရှိ၊ အထီးကျန်ဆန်ပါက မိမိဘဝကို မကျေမနပ်မပျော်မရွှင်
နေထိုင်သွားရမှာပါ။ အဲ့ဒီလိုပဲ အောင်မြင်တဲ့ စီးပွားရေးသမားတစ်ဦး ဖြစ်လာပေမဲ့
ကိုယ့်တစ်ဘို့တည်းကြည့်သူ အမြတ်ရရေးကိုပဲကြည့်ပြီး ပတ်ဝန်းကျင်နဲ့ လူများရဲ့
ကျန်းမာရေး၊ လုံခြုံရေးကို ထိခိုက်နိုင်တာမျိုး အရေးမစိုက်သူ
ကျင့်ဝတ်မသိမလိုက်နာသူဖြစ်ပါက လူ့အသိုင်းအဝိုင်းအတွက် အန္တရာယ်ပေးမယ့်သူ
ဖြစ်လာနိုင်ပါတယ်။ ဘဝမှာလည်း ရေရှည် မအောင်မြင်နိုင်၊ ဇာတ်သိမ်းမလှ၊
မိမိသမိုင်းမှာ ကောင်းကျိုးမဆောင်သူ၊ နာမည်ဆိုး တင်ကျန်ရစ်သူအဖြစ်သာ
အသက်မွေးသွားရမှာ ဖြစ်ပါတယ်။ နောက်ထပ်အရေးကြီးတဲ့ အချက်ကတော့ ဥာဏ်ပညာနဲ့
တွေးခေါ်မြော်မြင်မှုစွမ်းအားပဲ ဖြစ်ပါတယ်။ ကလေးတွေဘဝမှာ ဥာဏ်ပိုင်းဆိုင်ရာ
ဖွံ့ဖြိုးမှုနောက်ကျခဲ့မယ်ဆိုရင် နောင်အခါမှာ
ကလေးငယ်တွေရဲ့
ဘက်စုံဖွံ့ဖြိုးတိုးတက်မှုတွေ စတင်ပေါ်ပေါက်ဖြစ်တည်မှုဟာ အင်မတန်ကို စောလှပါတယ်။
အသက်(၃)နှစ်မှ (၅)နှစ်အတွင်း ရှေးဦးကလေးသူငယ်ဘဝမှာ အစပြုလာတဲ့ သူတို့ရဲ့ ပညာရေး
အခြေခံအုတ်မြစ်၊ ရရှိပိုင်ဆိုင်လာတဲ့ အမူအကျင့်တွေ စတဲ့အရာတွေက သူတို့လေးတွေရဲ့
အနာဂါတ် အောင်မြင်မှုနဲ့ ရှုံးနိမ့်မှုကို ခြားနားစေတာပဲဖြစ်ပါတယ်။
ကလေးငယ်တွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ပိုမိုကောင်းမွန်အောင်ပံ့ပိုးပေးဖို့ မှော်ဖော်မြူလာရှိပါတယ်။ ကျွန်မအခု ပြုစုထားတဲ့ ကလေးငယ်များရဲ့ အစောပိုင်းကာလ အခြေခံအုတ်မြစ် (Early Childhood Fundamental Program)စာအုပ်ဟာ အထက်ကပြောထားတဲ့ ကလေးငယ်တွေရဲ့ အနာဂတ်ကို အောင်မြင်ပျော်ရွှင်စွာ တည်ဆောက်နိုင်စေဖို့ သေချာစေမယ့် မှော်ဖော်မြူလာကဲ့သို့သော တိုးတက်ပြီး နိုင်ငံတွေမှာ ကျင့်သုံးနေတဲ့ ကလေးဖွံ့ဖြိုးမှုဆိုင်ရာ အကြောင်းအရာတွေ ပညာရှင်တွေရဲ့ အာဘော်နဲ့ သီအိုရီတွေကို အခြေခံထားတာြဖစ်ပါတယ်။ ကျွန်မအနေနဲ့ ရေးသားသီကုံးရာမှာတော့ ကျွန်မတို့နိုင်ငံက မိဘနဲ့ ဆရာသမားတွေ လိုက်နာကျင့်ကြံအားထုတ်နိုင်မယ့်၊ ကျွန်မတို့နိုင်ငံနဲ့ ကိုက်ညီနိုင်လောက်မယ့် ဥပမာ၊ နည်းလမ်းနဲ့ အကြောင်းအရာတွေကို ကျွန်မကိုယ်တိုင်ရဲ့ အတွေ့အကြုံ၊ အတွေးအခေါ်တွေ ပေါင်းစပ်ပြီး စုစည်းရေးသားထားတာ ဖြစ်ပါတယ်။
KHK ပျော်ရွှင်မှု ပိရမစ်စာအုပ်မှ

နောက်ထပ်များလည်း သိခွင့်ရချင်ပါတယ်ရှင့်
ReplyDelete